FA Cup News

သရေကျခဲ့သော လီဗာပူး

Mar 09 , 2015

လီဗာပူးအသင်းမှာ FA ဖလားကွာတားဖိုင်နယ်အဖြစ် အက်စတန်ဗီလာ အသင်းကို အိမ်ကွင်းတွင် လက်ခံကစားခဲ့ရာတွင် ဂိုးမရှိသရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

လီဗာပူး အသင်းခေါင်းဆောင်ဖြစ်သူ ဂျရတ်မှာ ယခုပွဲတွင် ပွဲကြည့်ပရိသတ် တစ်ဦးအဖြစ်သာရှိခဲ့ရပြီး စကာတယ်မှာ ဒဏ်ရာကြောင့် တိုရေးနှင့် လူစားလဲခဲ့ရကာ ယနေ့ဆေးစစ်ပြီးမှ မည်သည့်အချိန်ပြန်ကစားနိုင်မည်ကို သိရမည် ဖြစ်သည်။

လီဗာပူးနောက်ခံလူဟောင်းနှင့် BBC ဘောလုံးသတင်းဝေဖန်သူ လော်ရင်ဆင်က "တိုက်စစ်မှူး ဘာလိုတယ်လီမှာ အချိန်ဖြုန်းသူနှင့် အခွင့်အရေးများကို ဖြုန်းတီးပစ်ခဲ့သူ" ဟု ဝေဖန်ရှုတ်ချခဲ့သည်။

UEFA ၏ စည်းမျဉ်းအရ ပြည်တွင်းဖလားပွဲများ ပြန်ကစားရသည့်နေ့မှာ ချန်ပီယံလိဂ် (သို့မဟုတ်) ယူရိုပါလိဂ်ကစားရသည့်နေ့များတွင်သာ ဖြစ်ရမည်ဖြစ်သောကြောင့် လီဗာပူးမှာလည်း ဧပြီ ၇ ရက် (သို့မဟုတ်) ၈ ရက်မှသာ ဘလက်ဘန်းနှင့် အဝေးကွင်းပွဲ ပြန်ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here