FA Cup News

FA ဖလားလိုချင်တဲ့ ဗန်ဂေါလ်

Mar 09 , 2015

ပထမဆုံးရာသီတွင် ဆုဖလားရသူအဖြစ် မှတ်တမ်းဝင်လိုသောကြောင့် မန်ယူနည်းပြ ဗန်ဂေါလ်က ယနေ့ည လက်ရှိချန်ပီယံ အာဆင်နယ်နှင့် ကစားရမည့် ကွာတားဖိုင်နယ်ပွဲကို နောက်ဆုံး ဗိုလ်လုပွဲသို့ သဘောထား၍ ကစားသွားမည်ဟု ပြောဆိုလိုက်သည်။

မန်ယူမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၄ နေရာသို့ ရောက်နေပြီး ဥရောပပွဲများလည်း ကစားရန် မရှိသဖြင့် ဆုဖလားရနိုင်ရေးမှာ FA ဖလား တစ်ခုတည်းတွင်သာ ရှိခဲ့ရသည်။

အာဆင်နယ်အသင်းမှာ မိုနာကိုနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် လူစာရင်းကိုပင် ယခုပွဲ၌ ပြန်သုံးမည်ဟု ယူဆရသည်။

မန်ယူအသင်းမှာ FA ဖလား မရခဲ့သည်မှာ ၁၁ နှစ်ကြာခဲ့ပြီဖြစ်ပြီး ယခုရာသီတွင် အာဆင်နယ်ကိုသာ နိုင်ခဲ့ပါက မန်စီးတီး၊ ချဲလ်ဆီးတို့မရှိတော့သော ဆီမီးနှင့် ဖိုင်နယ်ပွဲစဉ်များမှာ အနိုင်ရရေးအတွက် များစွာ မျှော်လင့်နိုင်မည်ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here