Bundesliga News

ဂျာမန်ဖလား ကွာတား ပွဲစဉ်များ

Mar 09 , 2015

ဂျာမန်လိဂ်ဖလား ပွဲစဉ်များမှာ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ပွဲစဉ်များကို ယမန်နေ့က မဲခွဲခဲ့သည်။

လက်ရှိ ချန်ပီယံဖြစ်သော ဘိုင်ယန်မှာ ကွာတားဖိုင်နယ်တွင် လေဗာကူဆင်နှင့် အဝေးကွင်းပွဲ ကစားရမည် ဖြစ်သည်။

ယမန်နှစ်က ဒုတိယရခဲ့သော ဒေါ့မွန်မှာ ယခုကွာတားပွဲစဉ်တွင် ဟော့ဖန်ဟိန်းနှင့် အိမ်ကွင်းပွဲ ကစားရမည်ဖြစ်သဖြင့် ဆီမီးတက်ခွင့်အတွက် အခွင့်အရေး ပိုကောင်း သွားခဲ့သည်။

တတိယတန်း အသင်းတစ်သင်းဖြစ်သော အာမေးနီးယားမှာ မိုချင်ဂလက်ဘက်ကို အိမ်ကွင်းတွင် ဧည့်ခံရမည်ဖြစ်ပြီး ၀ုလ်စ်ဘတ်က ဖရိုင်းဘတ်နှင့် ကစားရမည်ဖြစ် သည်။

ယင်းကွာတားပွဲစဉ်များကို လာမည့် ဧပြီ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကျင်းပမည်ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here