FA Cup News

ဖလားလက်မဲ့ မန်ယူ

Mar 10 , 2015

FA ဖလား ကွာတားဖိုင်နယ်တွင် အာဆင်နယ်ကို ၁း၂ ဖြင့် ရှုံးနိမ့်သွားခဲ့ခြင်းကြောင့် ၂၀၁၄-၁၅ ရာသီမှာ မန်ယူအတွက် ဖလားလက်မဲ့ရာသီ ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။

မန်ယူအနေနှင့် ယခုပွဲကို အိမ်ကွင်းတွင် ကစားခွင့်ရခဲ့သဖြင့် အားသာချက်ရှိခဲ့သော်လည်း ဧည့်သည် အာဆင်နယ်က ၂၅ မိနစ်တွင် မွန်ရီးယယ်က ဦးဆောင်ဂိုး သွင်းသွားခဲ့သည်။

၂၉ မိနစ်တွင် ဒီမာရီယာ၏ ပေးပို့မှုမှတစ်ဆင့် ရွန်းနီက ချေပဂိုးသွင်းခဲ့သော်လည်း ၆၁ မိနစ်တွင် မန်ယူက ထုတ်ရောင်းခဲ့သော တိုက်စစ်မှူး ၀ဲလ်ဘက်က အသင်းဟောင်းကို အကောင်းဆုံး လက်စားချေခွင့်အနိုင်ဂိုးကို သွင်းသွားခဲ့သည်။

၇၇ မိနစ်တွင် မန်ယူမှ ဒီမာရီယာ ၂ ၀ါ ၁ နီဖြင့် ထွက်ခဲ့ရ၍ ချေပဂိုးရရန်ပင် မလွယ်ကူတော့ပဲ ဖလားရနိုင်သည့် နောက်ဆုံး အခွင့်အရေးကို လက်လွှတ်လိုက် ရပြီ ဖြစ်သည်။

လောလောဆယ် အဆင့် ၄ တွင် ရှိနေသော မန်ယူမှာ ပရီးမီးယားတွင် ရလဒ်ဆိုး ထပ်တွေ့ခဲ့ပါက ယခုရာသီကဲ့သို့ပင် လာမည့်ရာသီ၌ ဥရောပပွဲ ကစားခွင့် ဆုံးရှုံးမည့်အရေးနှင့် တွေ့ရလိမ့်မည် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here