FA Cup News

ဖိုင်နယ်ရောက်နိုင်သော လက်ရှိချန်ပီယံ

Mar 10 , 2015

FA ဖလား လက်ရှိချန်ပီယံဖြစ်သော အာဆင်နယ်မှာ ကွာတားဖိုင်နယ်တွင် မန်ယူကိုနိုင်ခဲ့ပြီးနောက် ဆီမီးတွင် အသင်းငယ်တစ်သင်းနှင့်သာ တွေ့ရမည်ဖြစ် ၍ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်ရန် အခွင့်အရေး ပိုကောင်းလျက်ရှိသည်။

ဆီမီးဖိုင်နယ် ပွဲစဉ်များအတွက် မဲခွဲခဲ့ရာ အာဆင်နယ်မှာ ရီးဒင်း (သို့မဟုတ်) ဘရက်ဖို့ဒ်နှင့် တွေ့ရမည်ဖြစ်ပြီး အက်စတန်ဗီလာအသင်းမှာ လီဗာပူး (သို့မဟုတ်) ဘလက်ဘန်းနှင့် တွေ့ရမည် ဖြစ်သည်။

အာဆင်နယ်နှင့် ဆုံတွေ့ရမည့် ရီးဒင်း (သို့မဟုတ်) ဘရက်ဖို့ဒ်တို့မှာ စနေနေ့ ပွဲစဉ်တွင် သရေကျခဲ့သဖြင့် လာမည့် ၁၇ ရက်နေ့တွင် ပြန်ကစားရမည်ဖြစ်ပြီး ရီးဒင်းမှာ ချန်ပီယံရှစ်အသင်းဖြစ်ပြီး ဘရက်ဖို့ဒ်မှာ လိဂ်ဝမ်း အသင်းသာဖြစ်၍ အာဆင်နယ်အတွက် အခွင့်အရေး ပိုသာသွားနိုင်မည့် သဘောဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here