FA Cup News

တစ်လနားရမည့် ချိန်ဘာလိန်

Mar 11 , 2015

အာဆင်နယ် ကွင်းလယ်ကစားသမား ချိန်ဘာလိန်မှာ မန်ယူနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီးနောက် တစ်လခန့်နားရမည်ဟု သိရသည်။

မန်ယူကို နိုင်ခဲ့သည့် FA ဖလားကွာတားဖိုင်နယ် ဒုတိယပိုင်းတွင် ထိုဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယခုဒဏ်ရာကြောင့် အင်္ဂလန်၏ ယူရို ၂၀၁၆ ခြေစစ်ပွဲကို ၀င်ရောက် ကစားနိုင်တော့မည် မဟုတ်ပေ။

သူသည် ယမန်နေ့က ထိုဒဏ်ရာအတွက် ဆေးစစ်မှုခံယူခဲ့ခြင်းဖြစ်ပြီး လစ်သူရေနီးယားနှင့် ကစားရမည့် ခြေစစ်ပွဲနှင့် အီတလီနှင့် ကစားမည့် ခြေစမ်းပွဲများကို လွဲချော်မှုကြောင့် စိတ်ပျက်မိကြောင်း ပြောဆိုခဲ့သည်။

ထို့အတူ ချိန်ဘာလိန်သည် အာဆင်နယ်၏ မိုနာကိုနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲ၊ လီဗာပူးနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲများကိုလည်း လွဲချော်မည်ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here