FA Cup News

အားလုံးကို တောင်းပန်တဲ့ ဗလင်စီယာ

Mar 11 , 2015

သူ၏အမှားမှ တစ်ဆင့် အာဆင်နယ်ကို အနိုင်ဂိုးရသွားစေသည့်အတွက် ဗလင်စီယာက မန်ယူအသင်းဖော်များနှင့် ပရိသတ်များကို တောင်းပန်လိုက်သည်။

ထိုပွဲစဉ်တွင် ဗလင်စီယာမှာ ဂိုးသမား ဒီဂီရာထံ ဘောလုံးကို နောက်ပြန်ပေးလိုက်စဉ် အာဆင်နယ်မှ မန်ယူကစားသမားဟောင်း ၀ဲလ်ဘက်က ရသွားကာ ဂိုးသွင်း ယူသွားခြင်း ဖြစ်သည်။

ထိုရှုံးပွဲကြောင့် မန်ယူမှာ ဖလားလက်မဲ့ရာသီဖြစ်ရန် သေချာသွားခဲ့ပြီး သူသည် အခြားကစားသမားများထက်ပို၍ အပြစ်ပြောခံခဲ့ရသူ ဖြစ်သည်။

သူသည် ဆိုရှယ်ဝက်ဘ်ဆိုက်တွစ်တာတွင် တောင်းပန်စာရေးသားခဲ့ပြီး ကစားဖော်များဖြစ်သော ရိုဂျို၊ မာတာ၊ ဟာရားရား၊ ရာဖေးလ်၊ ဗန်ပါစီတို့ထံသို့ သူ့ပို့စ်ကို Tagged လုပ်၍ ပေးပို့ခဲ့သည်။

ကွင်းလယ်ကစားသမားနေရာမှ နောက်ခံလူနေရာသို့ ပြောင်းကစားနိုင်ခဲ့သော ဗန်ဂေါလ်၏ လူစာရင်းအပေါ် ဝေဖန်မှုများ ရှိနေပြီး ၃း၅း၂ ကစားကွက်အောက်တွင် မန်ယူ နောက်တန်းကစားသမားများမှာ ပွဲစဉ်တိုင်းလိုလို အမှားတွေ့လျက် ရှိနေသည်။

U Myo Thant




<< Back FA Cup News


Advertisement
Here