Europe News

လက်ရွေးစင်အဖြစ်မှ ဖော်လန် အနားယူ

Mar 12 , 2015

ဥရုဂွေး လက်ရွေးစင်တိုက်စစ်မှူး ဒီယေးဂိုး ဖော်လန်သည် လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူပြီဖြစ်ကြောင်း ကျေညာလိုက်သည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သော ဖော်လန်မှာ ဥရုဂွေး အသင်းအတွက် ပွဲအများဆုံးကစားပေးခဲ့သူဖြစ်ပြီး စုစုပေါင်း ၁၁၂ ပွဲတွင် ၃၆ ဂိုး သွင်းယူပေးခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ၃ ခုတွင် ပါဝင်ကစားခဲ့သည်။

သူသည် တောင်အာဖရိကတွင် ကျင်းပသော ၂၀၁၀ ကမ္ဘာ့ဖလားပွဲတွင် ရွှေဘောဘုံးဆု ရခဲ့သူလည်း ဖြစ်သည်။

ဂျပန်ကလပ် ဆီရဇို အိုဆားကားဆွင် ကစားနေသော ဖော်လန်က ယခုအချိန်သည် လက်ရွေးစင်အဖြစ်မှ အနားယူသင့်သည့်အချိန်ဖြစ်ကြောင်း၊ လက်ရွေးစင်အင်္ကျီ ၀တ်ဆင်ကစားခွင့်ရခဲ့သည့် ဥရုဂွေးပြည်သား တစ်ယောက်ဖြစ်ရခြင်းအတွက် များစွာ ဂုဏ်ယူမိကြောင်း ပြောဆိုသွားခဲ့သည်။

သူသည် ဥရုဂွေး၏ ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖလားရခဲ့သည့် ကိုပါအမေရိကဖလားပွဲ ၂၀၁၁ တွင် အသင်းသားအဖြစ် ပါဝင်ခဲ့ပြီး မန်ယူ - ဗီလာရီးရဲလ်၊ အက်သလက်တီကို တို့တွင်လည်း ကစားခဲ့ဘူးသူ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here