Europe News

ပွဲဖျက်ရသော ဂရိလိဂ်ကွာတားပွဲ

Mar 12 , 2015

ဂရိလိဂ်ဖလားပွဲ ကွာတားဖိုင်နယ်အဖြစ် AEK အေသင်နှင့် အိုလံပီယာကော့စ်တို့ ကစားသည့်ပွဲစဉ်တွင် ပရိသတ်များ ကွင်းထဲဝင်သောင်းကျန်းမှုကြောင့် ပွဲချိန် ၈၉ မိနစ်တွင် ပွဲကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

ဂရိတွင် ကွင်းအတွင်း ပရိသတ် ဆူပူသောင်းကျန်းမှုများမှာ မကြာခဏဖြစ်နေခဲ့ရပြီး လွန်ခဲ့သော ၂ ပတ်ကလည်း အိုလံပီယာကော့စ်နှင့် ပါနာသီ နာကော့စ်တို့၏ အမှတ်ပေးပွဲစဉ်တွင် ပရိသတ်များကြောင့် ပွဲကိုရပ်နားခဲ့ရပြီး နိုင်ငံတ၀ှမ်း ဘောလုံးပွဲများကို ရပ်ဆိုင်းထားရန် အစိုးရက အမိန့်ထုတ်ပြန်ခဲ့သည်။

ဂရိစူပါလိဂ်မှ အိုလံပီယာကော့စ်နှင့် ဂရိဒုတိယတန်းမှ AEK တို့ပွဲစဉ်တွင် ပွဲချိန် ၈၉ မိနစ်၌ အိုလံပီယာကော့စ်က အနိုင်ဂိုးသွင်းလိုက်ချိန်တွင် ပရိသတ်များကွင်းအတွင်း ပြေးဆင်းလာခဲ့ပြီးနောက် ပွဲကို ဆက်ကစားရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ပထမအကျော့ ကစားစဉ်က ၁ ဂိုးစီ သရေကျခဲ့ပြီး ယခုပွဲမှာ ဒုတိယအကျော့ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here