FA Cup News

၃ နှစ် အပိတ်ခံရသော ပရိသတ်

Mar 12 , 2015

FA ဖလား ကွာတားပွဲတစ်ပွဲဖြစ်သော ဗီလာနှင့် ၀က်စ်ဘရွန်းတို့ပွဲတွင် ဆူပူသောင်းကျန်းခဲ့၍ ပရိသတ် ၁၇ ဦး အဖမ်းခံခဲ့ရသည့်အထဲမှ တစ်ဦးဖြစ်သူ ၂၆ နှစ်သား ဒေးဗစ်မိုးကို ဘောလုံးပွဲများသို့ လာရောက်ကြည့်ရှုခွင့် ၃ နှစ် ပိတ်ပင်လိုက်ကြောင်း သိရသည်။

ဘာမင်ဂမ်တွင် နေထိုင်သည့် ဒေးဗစ်မိုးမှာ ဗီလာ ပရိသတ်တစ်ဦးဖြစ်ပြီး ၃ နှစ် ပွဲကြည့်ခွင့် ပိတ်ပင်ခံခဲ့ရသည့်အပြင် လူမှုရေးလုပ်ငန်းများ ၃ လ လုပ်အားပေးရန်ကိုပါ အမိန့်ချခံခဲ့ရသည်။

အဖမ်းခံရသော အခြားပရိသတ်များအပေါ် မည်သည့်ပြစ်ဒဏ်မျှ ချမှတ်ခြင်းမရှိသေးမီ ဒေးဗစ်မိုးကို အရင်ဦးစွာ ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်ပြီး သူသည် ဗြိတိန်တစ်ဝှမ်းရှိ မည်သည့်ဘောလုံးပွဲကိုမျှ ၃ နှစ်အတွင်း ကြည့်ခွင့်ရမည် မဟုတ်ပေ။

U Myo Thant

<< Back FA Cup News


Advertisement
Here