Europe News

ဂျပန်နည်းပြဖြစ်လာသော ဟာလီဟိုဇစ်

Mar 14 , 2015

ဂျပန်ဘောလုံးအဖွဲ့ချုပ်သည် အယ်လ်ဂျီးရီးယားနှင့် အိုင်ဗရီကို့စ်နည်းပြဟောင်း ဟာလီဟိုဇစ်ကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ကြာသပတေးနေ့က ကျင်းပခဲ့သော ဂျပန်ဘောလုံးအဖွဲ့ချုပ် အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဟာလီဟိုဇစ်မှာ စပိန်တွင် ကျင်းပခဲ့သော ၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယူရိုစလားဗီးယား လက်ရွေးစင်အဖြစ် ပါဝင်ကစားခဲ့သူဖြစ်ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ရှီမိုဒါက အသက် ၆၂ နှစ်ရှိပြီဖြစ်သည့် ဘော့စနီးယားနိုင်ငံသား ဟာလီဟိုဇစ်မှာ မတ်လ ၂၇ နှင့် ၃၁ တို့တွင် တူနီးရှား၊ ဥဇဘက်တို့နှင့် ကစားရမည့် ဂျပန်အသင်းကို တာဝန်ယူသွားလိမ့်မည်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

လွန်ခဲ့သော နိုဝင်ဘာလက တူရကီကလပ် ထရာဇွန်စပါ နည်းပြအဖြစ်မှ ထွက်ခဲ့သူ ဟာလီဟိုဇစ်မှာ ၂၀၁၀ တွင် အိုင်ဗရိကို့စ်ကို ကမ္ဘာ့ဖလား ခြေစစ် ပွဲအောင်မြင်စေခဲ့သူဖြစ်ပြီး အယ်လ်ဂျီးရီးယားကို ၂၀၁၄ ကမ္ဘာ့ဖလားတွင် ရှုံးထွက် အဆင့်သို့ ပို့ဆောင်ပေးခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here