World CUp 2014 News

ကံကောင်းခဲ့သော ဘရာဇီး

Jun 20 , 2014

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အုပ်စုA မှဘရာဇီးနှင့် ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဘရာဇီးမှာ ကံကောင်းမှုများနှင့်အတူ ၃:၁ ဖြင့် အနိုင်ရရှိခဲ့သည်။

ဂျပန်သား နီရှီမူရာက ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့သော ထိုပွဲတွင် ပွဲချိန် ၁၁ မိနစ်မှာပင် ဘရာဇီးမှ မာဆယ်သို့ ကိုယ့်ဂိုး ကိုယ် သွင်းမိခဲ့သဖြင့် အိမ်ရှင် ပရိသတ်များ စိုးရိမ်ခဲ့ကြရသည်။

သို့သော် တိုက်စစ်မှူး နေမာက ၂၉ မိနစ်တွင် ချေပဂိုးသွင်းနိုင်ခဲ့၍ ပထမပိုင်းတွင် သရေကျနေခဲ့သည်။

ဒုတိယပိုင်း ၇၁ မိနစ်တွင် တိုက်စစ်မှူး ဖရက်က ခရိုအေးရှား ပင်နယ်တီ ဧရိယာအတွင်း ပြိုင်ဘက်နောက်ခံလူနှင့် အတွေ့တွင် လဲကျသွား ခဲ့သဖြင့် ဒိုင်က ပင်နယ်တီပေးခဲ့သည်။

ယင်းပင်နယ်တီမှာ မပေးသင့်သော ပင်နယ်တီဟု အများက ယူဆခဲ့သော်လည်း နေမာက ဘရာဇီးအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ကာ အော်စကာက မိနစ် ၉၀ တွင် တတိယမြောက် ဂိုးသွင်းယူနိုင်ခဲ့သည်။

နေမာမှာ မိုဒရစ်နှင့် အတွေ့တွင် တံတောင်ဖြင့် ထိုးသကဲ့သို့ ဖြစ်ခဲ့သော်လည်း ထုတ်ပယ်ခံရမည့်အရေးမှ လွဲခဲ့၍ ကံကောင်းသွားခဲ့ ရသည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here