Bundesliga News

ပြစ်ဒဏ်ခံရသော မင့်ဇ်

Mar 14 , 2015

ဘွန်ဒစ်လီဂါကလပ် မင့်ဇ်သည် ပရိသတ်များကို ထိန်းသိမ်းနိုင်စွမ်းလျော့နည်းခဲ့ခြင်းကြောင့် ဒဏ်ငွေ ယူရို ၇၅၀၀ ပေးဆောင်ရန် ဂျာမနီဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ် ချမှတ်လိုက်သည်။

လွန်ခဲ့သောလက ဒေါ့မွန်နှင့် ကစားခဲ့သောပွဲတွင် ပွဲချိန် ၄၆ မိနစ်၌ ပရိသတ်များက မီးခိုးဗုံးများဖြင့် ပြိုင်ဘက်ပရိသတ်များထံ ပစ်ပေါက်ခဲ့ကြခြင်းကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ခံရခြင်း ဖြစ်သည်။

ပြိုင်ဘက်ပရိသတ်များက မြင်ကွင်းကို ပိတ်နေသည်ဟုဆိုကာ ပစ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် မင့်ဇ်အသင်းက ၁းဝ ဖြင့် ဦးဆောင်နေသော အချိန်ဖြစ်ပြီး ပွဲအပြီးတွင်မူ ၄း၂ ဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here