World CUp 2014 News

ဘလတ္တာကို မထောက်ခံ

Jun 20 , 2014

ဥရောပဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ပလာတီနီက သူသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဘလတ္တာကို ထောက်ခံတော့မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
   အသက် ၇၈ နှစ်ရှိပြီဖြစ်သော ဘလတ္တာမှာ ၂၀၂၂ အိမ်ရှင်အဖြစ် ကာတာကို ရွေးခဲ့ခြင်းနှင့် ပတ်သက်၍ ဖိအားများအောက် ရောက်ရှိနေ ခဲ့သူ ဖြစ်သည်။ ပလာတီနီက ကျွန်တော်သူ့ကို ထောက်ခံတော့မှာ မဟုတ်ပါဘူး။ လာမယ့် ဥက္ကဌရွေးပွဲမှာ သူပါဦးမယ်ဆိုရင်လည်း ကျွန်တော် ထောက်ခံမှာမဟုတ်ပါဘူး။ သူနဲ့ ကျွန်တော် သိခဲ့ကြတာကြာပါပြီ။ ၁၉၉၈ ရွေး ချယ်ပွဲတုန်းက ကျွန်တော်သူ့ကို ထောက်ခံခဲ့တာပါ။ ဒါပေမယ့် ဖီဖာဥက္ကဌအဖြစ် သစ်လွင်တဲ့ နောက်တစ်ယောက်ဖြစ်စေချင်ပါပြီ ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here