FA Cup News

FA ဆီမီးတက်သော ရီးဒင်း

Mar 17 , 2015

FA ဖလား ကွာတားဖိုင်နယ် ပြန်ကန်ပွဲတွင် ရီးဒင်းက ဘရက်ဖို့ဒ်ကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရပြီး ၀င်ဘလေကွင်းတွင် အာဆင်နယ်နှင့်တွေ့ရမည့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်သည်။

ရီးဒင်းအတွက် အနိုင်ဂိုးများကို ကနူး၊ မက္ကလီရီ၊ မက်ကိုင်းတို့က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ဘရက်ဖို့ဒ်မှ မိုရိုင်းစ်မှာ အ၀င်ကြမ်းမှုကြောင့် ၆၂ မိနစ်တွင် တိုက်ရိုက် အနီကဒ် အပြခံခဲ့ရသည်။

ရီးဒင်းအသင်းမှာ FA ဆီမီးဖိုင်နယ်အတွက် ၀င်ဘလေသို့ ၈၈ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းဆီမီးဖိုင်နယ်ပွဲကို လာမည့် ဧပြီ ၁၈ တွင် ကျင်းပမည် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here