World CUp 2014 News

အပယ်ခံရတဲ့ ဘက်ကင်ဘောင်ဝါ

Jun 20 , 2014

၂၀၁၈ နှင့် ၂၀၂၂ အိမ်ရှင် ရွေးပွဲအတွက် ပြန်လည်စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ရန် ငြင်းဆိုခဲ့သော ဂျာမနီဂန္တာဝင် ကစားသမားကြီး ဘက်ကင်ဘောင်ဝါကို ဘောလုံးလောကနှင့် ရက် ၉၀ ပတ်သက်ခြင်းမရှိရန် ဖီဖာက ပိတ်ပင်လိုက်သည်။

ကမ္ဘာ့ဖလားရ ကစားသမားဖြစ်ခဲ့သော ဘက်ကင်ဘောင်ဝါကို စုံစမ်းရေးတာဝန်ခံရှေ့နေ ဂါစီယာက ကူညီရန် အကူအညီတောင်း ခံခဲ့ရာ တွင် ငြင်းဆိုခဲ့၍ ဟု ဆိုသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဘက်ကင်ဘောင်ဝါမှာ ၂၀၁၈ နှင့် ၂၀၂၂ အိမ်ရှင်ရွေးပွဲတွင် ဖီဖာ၏ အမှုဆောင် ကော်မတီဝင် တစ်ဦးအဖြစ် မဲပေးခဲ့ရသူ ဖြစ်သည်။

ဘက်ကင်ဘောင်ဝါသည် ဂျာမနီအသင်းကပ္ပတိန်ဘ၀နှင့် ၁၉၇၄ တွင် ကမ္ဘာ့ဖလားရခဲ့သည့် စံချိန်ကို တင်ထားသူ ဖြစ်သည်။

ယင်းနောက်တွင်သူသည် မာဆေးလ်နှင့် ဘိုင်ယန်တို့ကို နည်းပြအဖြစ် တာဝန်ယူခဲ့ကာ လက်ရှိတွင် ဘိုင်ယန်၏ ဂုဏ်ထူးဆောင် ဥက္ကဌ ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here