Europe News

မေဂျာလိဂ်ကို ချီးကျူးတဲ့ ကလင်းစမန်း

Mar 18 , 2015

စတင်နေပြီဖြစ်သည့် ၂၀၁၅ မေဂျာလိဂ်ပြိုင်ပွဲသည် အသင်းသစ်များ၊ နာမည်ကြီးကစားသမားများ ပါဝင်လာမှုနှင့်အတူ ပြိုင်ဆိုင်မှုပြင်းထန်သော ပြိုင်ပွဲကြီးတစ်ခုဖြစ်လာပြီ ဟု အမေရိကန်လက်ရွေးစင် အသင်းနည်းပြ ကလင်းစမန်းက ပြောဆိုလိုက်သည်။

ယခုနှစ် မေဂျာလိဂ်ပြိုင်ပွဲတွင် နယူးယော့ခ်စီးတီး၊ အော်လန်ဒိုစီးတီး စသည့် အသင်းသစ်များပါဝင်လာပြီး နာမည်ကြီးကစားသမားများဖြစ်သော ဒေးဗစ်ဆေးလ်ဗား၊ ကာကာ၊ လမ်းပတ်၊ ဂီအိုဗန်ကို၊ အဲလ်တီဒေါ စသူများလည်း မေဂျာလိဂ်ကစားသမားများအဖြစ် သက်ဆိုင်ရာကလပ်များနှင့်အတူ ကစားနေကြပြီဖြစ်သည်။

ရာသီအစ ပထမဆုံးပွဲစဉ်တွင် ဘရာဇီးသား နာမည်ကျော် ကာကာက ပရိသတ် ၆၂၅၁၀ ရှေ့တွင် သူ့အသင်း အော်လန်ဒိုစီးတီးအတွက် နယူးယော့ခ်စီးတီးဘက်သို့ ဖရီးကစ်မှတစ်ဆင့် ချေပဂိုး သွင်းပြနိုင်ခဲ့သည်။ ဆန်းဒါးလန်းမှ ရောက်လာသော အဲလ်တီဒေါမှာလည်း တိုရန်တိုအသင်းအတွက် ၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ပွဲစဉ် ၂ တွင်လည်း နယူးယော့ခ်စီးတီးအတွက် ဒေးဗစ်ဗီလာ ဂိုးသွင်းပြနိုင်ခဲ့သည်။

အမေရိကန်လက်ရွေးစင် ဒမ်ဆေးမှာလည်း ဆီယက်တဲလ် အသင်းအတွက် ၂ ဂိုး သွင်းပေးနိုင်ခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here