World CUp 2014 News

တက်ကြွနေတဲ့ အင်္ဂလန်

Jun 20 , 2014

မာနာအပ်တွင် ရောက်ရှိနေသော အင်္ဂလန်ကစားသမားများမှာ ရွှင်လန်းတက်ကြွမှု အပြည့်ရှိနေပြီး ယနေ့ည အီတလီနှင့် တွေ့ရမည့် ပွဲ အတွက် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။

အသင်းခေါင်းဆောင် ဂျရတ်နှင့်အတူ ကစားသမားများမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေပုံရပြီး ကစားမည့်ကွင်းနှင့် ပတ်သက်၍ ကွင်းအခြေအနေမှာ ကစားရန် ဖြစ်နိုင်သည်ဟု နည်းပြ ၂ ဦးလုံးက ပြောဆိုခဲ့သည်။

အင်္ဂလန်အသင်းမှာ ယနေ့ည အီတလီနှင့် ကစားပြီးပါက ၁၉ ရက်နေ့တွင် ဥရုဂွေး၊ ၂၄ ရက်နေ့တွင် ကော့စတာရီကာတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အင်္ဂလန်နည်းပြ ဟော့ဆန်က မိမိအနေနှင့် အသင်းကို အကောင်းဆုံးဖြစ်ရန် ကြိုးစားထားကြောင်းနှင့် မိမိတို့အသင်းကို ယုံကြည်မှု ရှိကြရန် ပရိသတ်များကို ပြောဆို သွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here