Europa League

အဲဗာတန်လည်း ထွက်ရပြန်

Mar 20 , 2015

ချန်ပီယံလိဂ်ပွဲစဉ်များမှ အင်္ဂလန်အသင်းများ နှုတ်ထွက်ခဲ့ကြရပြီးနောက် ယူရိုပါလိဂ်တွင်လည်း ပရီးမီးယားလိဂ်တစ်သင်းဖြစ်သော အဲဗာတန်မှာ ဒိုင်နမိုကိယက် ကို နှစ်ကျော့ပေါင်း ၄-၆ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။

အဝေးကွင်းတွင် ကစားခဲ့ရသော ယူရိုပါလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်တွင် အဲဗာတန်မှာ ၅း၂ ဖြင့် ဂိုးပြတ်ရှုံးခဲ့သဖြင့် ပထမအကျော့ ၂း၁ နှင့် နိုင်ထားသည့် ရလဒ်မှာ အချည်းနှီးဖြစ်သွားခဲ့ရသည်။

ဒုတိယအကျော့ပွဲစဉ်တွင် ပထမပိုင်းမှပင် ဒိုင်နမိုက ၃း၁ ဖြင့် နိုင်နေခဲ့ပြီး ဒုတိယပိုင်းတွင် ၂ ဂိုးထပ်သွင်းခဲ့ကာ အဲဗာတန်က ၁ ဂိုးသာ သွင်းနိုင်ခဲ့၍ ၅း၂ ဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။

ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားသည့် အသင်းများမှာ ဒိုင်နမိုကိယက်၊ ဖီအိုရင်တီးနား၊ ဆီဗီးလား၊ နာပိုလီ၊ ကလပ်ဘရုခ်ျ၊ ၀ုလ်စ်ဘတ်၊ ဒီနီပရိုနှင့် ဇင်းနစ်တို့ ဖြစ်ကြသည်။

U Myo Thant




<< Back Europa League


Advertisement
Here