Europa League

အသင်းကို ချီးကျူးတဲ့ ဟက်ကင်း

Mar 20 , 2015

ဝုလ်စ်ဘတ်နည်းပြ ဒိုင်ယက်တာ ဟက်ကင်းက ယူရိုပါလိဂ်တွင် အင်တာကို နှစ်ကျော့ပေါင်း ၅း၂ ဖြင့် အနိုင်ရခဲ့သည့်အပေါ် များစွာဝမ်းသာကြောင်းနှင့် ကစားသမားများကို ချီးကျူးကြောင်း ပြောဆိုခဲ့သည်။

ဝုလ်စ်ဘတ်အသင်းမှာ မီလန်တွင် ကစားခဲ့သည့် ဒုတိယအကျော့အဝေးကွင်းတွင် ၁း၂ ဖြင့် အင်တာကိုနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

ဝုလ်စ်ဘတ်မှာ ဥရောပအဆင့်ပြိုင်ပွဲသို့ ၂၀၀၉-၁၀ ရာသီ နောက်ဆုံး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် တတိယသာရခဲ့၍ ယူရိုပါလိဂ် သို့ ရောက်ခဲ့ကာ ယူရိုပါလိဂ်ကွာတားတွင် ဖူလ်ဟမ်၏အနိုင်ယူခြင်းကို ခံခဲ့ရသည်။

ဟက်ကင်းက မိမိအသင်းရှိ အချို့ကစားသမားများမှာ လက်ရွေးစင်များဖြစ်သော်လည်း အများစုမှာ အတွေ့အကြုံရင့်ကျက်သူများမဟုတ်ကြောင်း၊ သို့သော်လည်း မိမိတို့၏ ကစားသမားများသည် ပွဲအစအဆုံး အင်တိုက်အားတိုက်ကြိုးပမ်းခဲ့ကြကြောင်း၊ ထို့ကြောင့်ပင် မိမိတို့ ယခုအဆင့်သို့ ရောက်လာခြင်းဖြစ်ကြောင်း၊ ယခုအခါ မိမိတို့ ယူရိုပါလိဂ် ၂ ပွဲ (ကွာတား ပ/ဒုကျော့) ထပ်ကစားရဦးမည်ဖြစ်ပြီး ထို့ထက်ပို၍ (ဆီမီး) ကစားခွင့်ရရန်လည်း ကြိုးစားသွားဦးမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here