World CUp 2014 News

အင်္ဂလန်နှင့်ပွဲ ဘူဖွန်မသေချာ

Jun 20 , 2014

အီတလီ ၀ါရင့်ဂိုးသမား ဘူဖွန်မှာ ယမန်နေ့လေ့ကျင့်ရေးတွင် ဒဏ်ရာရခဲ့သဖြင့် အင်္ဂလန်နှင့် တွေ့ရမည့်ပွဲတွင် ပါဝင်ရန် မသေချာဟု သိရသည်။

သူသည် ခြေကျင်းဝတ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမဦးစားပေး ဘယ်နောက်ခံလူ ဆီဂလီယိုမှာလည်း ဒဏ်ရာကြောင့် အင်္ဂလန်နှင့်ပွဲကို လွဲချော်မည် ဖြစ်သည်။

နည်းပြ ပရန်ဒယ်လီအနေနှင့် ဘယ်နောက်ခံနေရာအတွက် တိုရီနိုမှ ဒါမီယန်၊ ညာ နောက်ခံအတွက် မီလန်မှ အဘာတီတို့ ကို ရွေးချယ်ထားသည်ဟု ဆိုသည်။

အီတလီမှာ ခံစစ်ကစားပုံတွင် ခေတ် အဆက်ဆက်အထိုင်ကျစွာ အကောင်းဆုံး ကစားတတ်သော်လည်း လက်ရှိခံစစ်ပိုင်းကို ပရန်ဒယ်လီက စိတ်တိုင်းမကျလှဟု သိရသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော ဂိုးသမားဘူဖွန်မှာ အီတလီ၏ ပွဲအများဆုံးကစားထားသူ တစ်ဦးဖြစ်ပြီး နံပါတ်တစ် ဦးစားပေးဂိုးသမား အဖြစ် ၁၅ နှစ်နီးပါး ကစားပြီးခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here