Europe News

ဥရောပကွာတားဖိုင်နယ်ပွဲစဉ်များ

Mar 21 , 2015

ဥရောပချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်နှင့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့က မဲနှိုက်ဆုံးဖြတ်ခဲ့ရာ လက်ရှိချန်ပီယံရီးရဲလ်မှာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုနှင့် ပြန်လည်တွေ့ဆုံရဦးမည် ဖြစ်သည်။

ရီးရဲလ်အသင်းမှာ လွန်ခဲ့သောရာသီ ဗိုလ်လုပွဲတွင် အက်သလက်တီကိုကို ၄း၁ ဖြင့် အနိုင်ရခဲ့သော်လည်း ယခုရာသီတွင်မူ လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် စပိန်စူပါကိုပါဖလားပွဲများတွင် အက်သလက်တီကိုကို အနိုင်ရခဲ့ခြင်း မရှိသေးပေ။

လာလီဂါ ထိပ်သီးအသင်းတစ်သင်းဖြစ်သော ဘာစီလိုနာမှာ PSG နှင့်တွေ့ရမည်ဖြစ်ပြီး ဘိုင်ယန်က ပေါ်တို၊ မိုနာကိုက ဂျူဗင်တပ်တို့နှင့် ဆုံတွေ့ရမည် ဖြစ်သည်။

ကွာတားဖိုင်နယ် ပထမအကျော့ကို ဧပြီ ၁၄/၁၅ နှင့် ဒုတိယအကျော့ကို ဧပြီ ၂၂/၂၃ ရက်များတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲများတွင် လက်ရှိချန်ပီယံ ဆီဗီးလားက ဇင်းနစ်၊ ဒီနီပရိုက ကလပ်ဘရုဂ်ျ ဒိုင်နမိုကိယက်က ဖီအိုရင်တီးနားနှင့် ၀ုလ်စ်ဘတ်က နာပိုလီတို့နှင့် ကစားကြရမည်ဖြစ်ပြီး ပထမအကျော့ကို ဧပြီ ၁၆၊ ဒုတိယအကျော့ကို ဧပြီ ၂၄ တို့တွင် ကစားရမည် ဖြစ်သည်။

နောက်ဆုံး ဗိုလ်လုပွဲကို ပိုလန်နိုင်ငံ ၀ါဆောတွင် မေ ၂၇ ၌ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here