World CUp 2014 News

ရွန်းနီ ဦးဆောင်မည့်ပွဲ

Jun 20 , 2014

အီတလီနှင့် ပွဲစဉ်တွင် ရွန်းနီအနေနှင့် အဓိကတိုက်စစ်မှူး နေရာမှ မပါခဲ့သော်လည်း ဥရုဂွေးနှင့် ရင်ဆိုင်ရမည့်ပွဲတွင် ဦးဆောင် တိုက်စစ်မှူး အဖြစ် ပါဝင်လာလိမ့်မည်ဟု သိရသည်။

နည်းပြ ဟော့ဆန်မှာ ရွန်းနီအား ဥရုဂွေးနှင့်ပွဲတွင် ပင်နယ်တီဧရိယာအတွင်း ၀င်အစွမ်းပြနိုင်သည့် နေရာတွင် ကစားစေမည်ဟု ဆိုသည်။

အင်္ဂလန်အသင်းမှ စတားရစ်နှင့် ဂျရတ်တို့မှာ ဒဏ်ရာအနည်းငယ်စီ ရရှိထားကြပြီး ဆေးအဖွဲ့က သေချာစွာကြပ်မတ်ပေးလျှက် ရှိသည်။

အင်္ဂလန်အနေနှင့် အီတလီကို ရှုံးနိမ့်ခဲ့ပြီး ဖြစ်သဖြင့် ဥရုဂွေးနှင့်ပွဲမှာ အရေးပါလှပြီး အကယ်၍ ရလဒ်မကောင်းခဲ့ပါက အုပ်စုမှ လှည့်ပြန်ရမည့်အရေးနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here