Bundesliga News

၁၁ လအတွင်း ပထမဆုံး အိမ်ကွင်းရှုံးပွဲ

Mar 23 , 2015

ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေသော ဘိုင်ယန်အသင်းမှာ ယမန်နေ့ညက မိုချင်ဂလက်ဘက်ကို ၀း၂ ဖြင့် ရှုံးခဲ့ပြီး ယင်းရလဒ်မှာ ၁၁ လအတွင်း ပထမဆုံး အိမ်ကွင်းရှုံးပွဲ ဖြစ်သည်။

ယခုရာသီအတွင်း ပထမဆုံး အိမ်ကွင်းရှုံးပွဲလည်းဖြစ်ခဲ့ရသော ထိုပွဲစဉ်တွင် ဘိုင်ယန်မှာ ဂိုးသမား နူအာ၏ အမှားများမှတစ်ဆင့် ရှုံးခဲ့ရခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ဝင်ခွင့် ရရေးအတွက် ကြိုးစားနေသော ဂလက်ဘက် အသင်းမှာ ယခုပွဲစဉ်တွင် ရာဖေးလ်၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး စတုတ္ထနေရာ မှ လေဗာကူဆင်ထက် ၂ မှတ် အသာဖြင့် အဆင့် ၃ တွင် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။

ဘိုင်ယန် အသင်းမှာ ယခုပွဲ ရှုံးခဲ့သော်လည်း အနီးဆုံးပြိုင်ဘက် ဒုတိယနေရာမှ ၀ုလ်စ်ဘတ်ကို ၁၀ မှတ်ဖြတ်ကာ ဦးဆောင်နေဆဲ ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here