World CUp 2014 News

အဆင်သင့် ဂျာမနီ

Jun 20 , 2014

ဂျာမနီ နည်းပြ ဂျိုအာဂျင်လိုက မိမိတို့အသင်းသည် ပေါ်တူဂီကို ရင်ဆိုင်ရန်အတွက် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ပြောဆို လိုက်သည်။

တိုက်စစ်မှူး မာကိုရူးစ်မှာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပွဲနှင့် လွဲခဲ့ရပြီး ဂိုးသမား နူအာ၊ ကပ္ပတိန် ဖိလစ်လမ်း၊ ကွင်းလယ်မှ ရှဝိန်းစတိုင်ဂါ၊ ခီဒီရာ တို့မှာ ဒဏ်ရာအနည်းငယ်စီ ရှိနေသည်ဆိုသော သတင်းကြောင့် ဂျာမနီပရိသတ်များ စိုးရိမ်စိတ်ပွားခဲ့ရသည်။

နည်းပြလိုက ကျွန်တော်တို့အနေနဲ့ ဒီပွဲအတွက် အဆင်သင့် ရှိနေပါပြီ။ ခြေစမ်းပွဲ ကာလတွေမှာ ဒဏ်ရာရတာတွေရှိခဲ့ပေမယ့် အခုအားလုံးပြီးဆုံးပါပြီ။

ကစားသမားတွေအားလုံး ရာနှုန်းပြည့်ကြံ့ခိုင်နေပါတယ် ဟု ပြောဆိုခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here