Bundesliga News

ဟမ်းမဲလ်ကို ခေါ်မည့် မန်ယူ

Mar 24 , 2015

မန်ယူအသင်းက လွန်ခဲ့သော ကာလများကပင် ခေါ်ယူချင်ခဲ့သော နောက်ခံလူ ဟမ်းမဲလ်မှာ ဒေါ့မွန်၏ဆိုးရွားသော ရာသီကိုဖြတ်သန်းနေပြီးနောက် အသင်းမှ ထွက်တော့မည်ဟု သတင်းထွက်လာ၍ မန်ယူက မျက်ခြေမပြတ်စောင့်ကြည့်လျက် ရှိနေသည်။

ကမ္ဘာ့ဖလားရ ဂျာမနီလက်ရွေးစင် ဟမ်းမဲလ်အတွက် ပြောင်းရွေှ့ကြေးကို ပေါင် ၃၆ သန်းခန့် ခန့်မှန်းထားကြောင်းလည်း သိရသည်။

ဂျာမနီ ဗဟိုခံစစ်မှူး ဟမ်းမဲလ်မှာ လွန်ခဲ့သောရာသီကပင် အသင်းပြောင်းရန် သတင်းများစွာ ထွက်ပေါ်လာခဲ့သေးသော်လည်း သစ္စာရှိစွာပင် ဒေါ့မွန်၌ တစ်ရာသီ ဆက်နေခဲ့သည်။

ဟမ်းမဲလ်မှာ ၂၀၁၀-၁၁ နှင့် ၂၀၁၁-၁၂ တို့တွင် ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို ဒေါ့မွန်နှင့်အတူ ရရှိခဲ့ပြီး ထိုအချိန်က မန်ယူနည်းပြ ဖာဂူဆန်က ခေါ်ယူရန် စိတ်ဝင်စားခံခဲ့ရသူ ဖြစ်သည်။

ယခုရာသီတွင် ဒေါ့မွန်မှာ တန်းဆင်းဇုန် အန္တရာယ်ရှိသောနေရာအထိ အဆင့်ထိုးကျခဲ့ရပြီး နောက်ပိုင်းအရှုံးပွဲ နည်းသွားခဲ့မှုကြောင့်သာ လက်ရှိ တန်းဆင်းအသင်းနှင့် ၈ မှတ်အကွာ အဆင့် ၁၀ သို့ ပြန်လည် တက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here