Europa League

အသင်းတိုးလိုချင်တဲ့ UEFA

Mar 24 , 2015

လာမည့် ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပွဲတွင် ဥရောပဘောလုံးအဖွဲ့ချုပ်အနေနှင့် မူလ ၁၃ သင်း ၀င်ခွင့်ရနေရာမှ ၁၄ နေရာ ရလာမည်ဟု ထင်မြင်ကြောင်း UEFA အထွေထွေ အတွင်းရေးမှူး အင်ဖာတီနိုက ပြောဆိုလိုက်သည်။

၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပွဲတွင် ဥရောပမှ အသင်း ၁၃ သင်း ပါဝင်ခွင့်ရခဲ့ပြီး လာမည့် ၂၀၁၈တွင် အိမ်ရှင်မှာ ဥရောပမှ ရုရှားဖြစ်နေသဖြင့် ၂၀၁၄ ကကဲ့သို့ ၁၃ သင်းဝင်ခွင့်ရခဲ့လျင် အိမ်ရှင် အပါအ၀င် ဥရောပအသင်း ၁၄ သင်း ရှိလာလိမ့်မည် ဖြစ်သည်။

ကမ္ဘာ့ဖလားပွဲ နောက်ဆုံး ၃ ကြိမ်တွင် ဥရောပအသင်းများဖြစ်သော အီတလီ (၂၀၀၆)၊ စပိန် (၂၀၁၀) နှင့် ဂျာမနီ (၂၀၁၄) တို့မှာ ဗိုလ်စွဲသည့် အသင်းများဖြစ်ခဲ့ ကြသည်။

ထို့အပြင် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၁ မှ ၃၂ အထိ စာရင်းတွင် ဥရောပမှ ၁၉ သင်း အထိ ပါဝင်နေခြင်းကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပွဲ ၀င်ခွင့်ရမည့် အသင်း ၃၂ သင်းထဲတွင် ဥရောပက အိမ်ရှင်အပါအ၀င် ၁၄ သင်း ၀င်ခွင့်ရရန်မှာ ဖြစ်သင့်ပါကြောင်း အင်ဖာတီနိုက ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here