Euro 2016

ခြေစစ်ပွဲလွဲမည့် စတားရစ်

Mar 24 , 2015

လီဗာပူးတိုက်စစ်မှူး စတားရစ်မှာ မန်ယူကို ၂း၁ နှင့် ရှုံးခဲ့သည့်ပွဲတွင် ဒဏ်ရာရသွားခဲ့သဖြင့် အင်္ဂလန်၏ လစ်သူရေးနီးယားနှင့် ကစားမည့် ယူရို ၂၀၁၆ ခြေစစ်ပွဲကို လွဲချော်တော့မည် ဖြစ်သည်။

အသက် ၂၅ နှစ်သား စတားရစ်မှာ မတ်လ ၃၁ ရက် အီတလီနှင့် ကစားမည့် ခြေစမ်းပွဲကိုပါ လွဲချော်မည်ဖြစ်သဖြင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းမှာ အင်္ဂလန်အတွက် ပထမဆုံး ပွဲထွက်ကစားသမားဖြစ်လာနိုင်သည့် အနေအထားတွင် ရှိနေသည်။

လီဗာပူးအသင်းမှ လယ်လာနာမှာလည်း မန်ယူနှင့်ပွဲတွင်ပင် ဒဏ်ရာရခဲ့ခြင်းကြောင့် အင်္ဂလန်၏ ထိုပွဲစဉ် ၂ ပွဲကို လွဲချော်မည် ဖြစ်သည်။

ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စု E ကို ဦးဆောင်နေသော အင်္ဂလန်အသင်းအတွက် ယခုလာမည့် ခြေစစ်ပွဲနှင့် ခြေစမ်းပွဲများတွင် တိုက်စစ်မှူးများအဖြစ် အသင်းခေါင်းဆောင် ရွန်းနီ၊ ၀ဲလ်ဘတ်နှင့် ဟယ်ရီကိန်းတို့ ပါဝင်ကြမည် ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here