Europe News

ဒဏ်ရိုက်ခံရသော အသင်းများ

Mar 24 , 2015

စကော့လိဂ်မှာ ဆဲလ်တစ်၊ စီးရီးအေမှ အင်တာနှင့် ဘွန်ဒစ်လီဂါမှ ၀ုလ်စ်ဘတ်အသင်းများမှာ ၎င်းတို့ပရိသတ်များ၏ အပြုအမူကြောင့် ဒဏ်ရိုက်ခံရကြောင်း သိရသည်။

ဆဲလ်တစ်နှင့် အင်တာတို့မှာ လွန်ခဲ့သောလ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲ ကစားစဉ်က ပြစ်ဒဏ်များကြောင့် ဒဏ်ရိုက်ခံရခြင်းဖြစ်သည်။

အနီကဒ် ၁ ခုနှင့်အတူ အ၀ါကဒ် ၅ ခု အပြခံခဲ့ရသောကြောင့် ဆဲလ်တစ်မှာ ဒဏ်ငွေ ပေါင် ၅၈၆၀ ပေးဆောင်ရပြီး ပရိသတ်များကို မထိန်းသိမ်းနိုင်မှုကြောင့် ဒဏ်ငွေပေါင် ၃၆၀၀ ပေးဆောင်ရန် အမိန့်ချခံခဲ့ရသည်။

အင်တာမှာလည်း ထိုပွဲတွင် ပရိသတ်များက မီးရှုံးမီကျည်များ ပစ်လွှတ်မှုကြောင့် ဒဏ်ငွေ ပေါင် ၃၆၀၀ ပေးဆောင်ရမည် ဖြစ်သည်။

အလားတူ ဂျာမနီဘောလုံးအဖွဲ့ချုပ်သည် လွန်ခဲ့သော ၂၀၁၄ ဒီဇင်ဘာ ၆ ရက် ဟန်နိုဗာနှင့် ပွဲတွင် ပရိသတ်များကို မထိန်းသိမ်းနိုင်ခဲ့သည့် ၀ုလ်စ်ဘတ်အသင်းအား ဒဏ်ငွေ ယူရို ၆၀၀၀ ပေးဆောင်ရန် အမိန့်ချခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here