Europe News

နည်းပြဖြစ်လာသော ဘရွန်ခရော့စ်

Mar 24 , 2015

ဖီယင်နော့ဒ်၊ ရိန်းဂျားစ်၊ အာဆင်နယ်နှင့် ဘာစီလိုနာတို့တွင် ကစားခဲ့ဘူးသူ ဟော်လန်သား ဗန်ဘရွန် ခရော့စ်သည် ယခုရာသီကုန်တွင် ဖီယင်နော့ဒ် နည်းပြအဖြစ် စတင်တာဝန်ယူတော့မည် ဖြစ်သည်။

ဟော်လန်လက်ရွေးစင်လည်း ဖြစ်ခဲ့သူ ဘရွန်ခရော့စ်မှာ ကစားသမားဘ၀ကို ဖီယင်နော့ဒ်နှင့် စတင်ခဲ့သူဖြစ်ပြီး တစ်ကျော့ပြန်အဖြစ် ၂၀၀၇ မှ ၂၀၁၀ အထိ ပြန်လာကစားခဲ့ကာ ကစားသမားဘ၀မှ အနားယူခဲ့သူ ဖြစ်သည်။

အသက် ၄၀ ရှိပြီဖြစ်သည့် ဘရွန်ခရော့စ်မှာ ဖီယင်နော့ဒ်တွင် ရော်နယ်ကိုးမန်း၊ ဖရက် ရပ်တန်တို့၏ လက်ထောက်အဖြစ် ရှိနေခဲ့သူဖြစ်သည်။

လက်ရှိ နည်းပြ ဖရက် ရပ်တန်မှာ ကလပ်အသင်းတာဝန်ရှိသူများနှင့် သဘောကွဲလွဲမှုကြောင့် ယခုလ အစောပိုင်းက ရာထူးမှထွက်တော့မည်ဟု ကျေညာခဲ့သည်။

ဟော်လန်အတွက် ၁၀၆ ပွဲ ကစားပေးခဲ့သည့် ဘရွန်ခရော့စ်မှာ ရိန်းဂျားစ်၊ အာဆင်နယ်၊ ဘာစီလိုနာ တို့နှင့်အတူ အမှတ်ပေး ချန်ပီယံဆုများ ရရှိခဲ့ပြီး ၂၀၀၆ တွင် ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ဖလားရခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here