World CUp 2014 News

မျှော်လင့်ချက်ကုန်တဲ့ ကွန်ထရာအို

Jun 20 , 2014

ပေါ်တူဂီ နောက်ခံကစားသမား ကွန်ထရာအိုက ဂျာမနီကို ၄:၀ ဖြင့် ရှုံးခဲ့ပြီးနောက်တွင် မျှော်လင့်ချက်ကုန်ပြီ ဟု ပြောဆိုလိုက်သည်။

ကွန်ထရာအိုမှာ ဒုတိယပိုင်းတွင် ဒဏ်ရာရခဲ့သဖြင့် ကွင်းပြင်သို့ ထွက်ခဲ့ရပြီး ပေါ်တူဂီဆေးအဖွဲ့၏ ကနဦး စစ်ဆေးချက်များအရ လက်ကျန်အုပ်စုပွဲများကို လွဲချော်တော့မည် ဟု ဆိုသည်။

ကွန်ထရာအိုက ကျွန်တော့်အထင် ဒီကမ္ဘာ့ဖလားမှာ ကျွန်တော် ကစားနိုင်ဖို့ မျှော်လင့်ချက် မရှိလောက်တော့ပါဘူး။

ဒီအတွက် အရမ်းကို စိတ်ထိခိုက်ရပါတယ် ဟု ပြောဆိုခဲ့သည်။ ရှေ့တန်းမှ အယ်လ်မဲဒါးမှာလည်း ဒဏ်ရာ ရခဲ့ပြီး ဆေးအဖွဲ့မှ ဂျုန်းစ်က ၎င်းကစားသမား ၂ ဦးလုံးမှာ ၁၀ ရက်မှ ၃ ပတ်ခန့်အထိ နားရလိမ့်မည်ဟု ယူဆကြောင်း ပြောဆိုခဲ့သည်။

ရှုံးပွဲတိုးခဲ့သော ပေါ်တူဂီမှာ ဂါနာ၊ အမေရိကန်တို့နှင့် ကစားရဦးမည် ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here