Spain King's Cup News

စပိန်ဖလား နူးကမ့်တွင် ကစားမည်

Mar 26 , 2015

ယခုနှစ်အတွက် စပိန်ဘုရင့်ဖလား နောက်ဆုံးဗိုလ်လုပွဲကို ဘာစီလိုနာအိမ်ကွင်း နူးကမ့်တွင် မေလ ၃၀ ရက်နေ့၌ ကျင်းပမည် ဖြစ်သည်။

၂၀၁၄-၁၅ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် အသင်းများမှာ ဘာစီလိုနာနှင့် ဘီလ်ဘာအိုတို့ဖြစ်ကြပြီး ယခု နူးကမ့်တွင် ကစားရမည်ဖြစ်၍ ဘာစီလိုနာက အိမ်ကွင်းအားသာချက်ရလာမည် ဖြစ်သည်။

စပိန်ဘောလုံးအဖွဲ့ချုပ်သည် ထိုဗိုလ်လုပွဲကို ပရိသတ် ၈၁၀၀၀ ၀င်ဆံ့နေသော ရီးရဲလ်၏ ဘာနေဗျူးကွင်းတွင် ကျင်းပရန်အတွက် ရီးရဲလ်ထံ တောင်းဆိုခဲ့ရာ လက်မခံခဲ့သဖြင့် ဘာစီလိုနာ၊ ဘီလ်ဘာအို၊ ဗလင်စီယာနှင့် ဆီဗီးလား အသင်းများ၏ ကွင်း ၄ ကွင်းကို ပဏာမ ရွေးချယ်ခဲ့သည်။

ထို့နောက် မည်သည့်ကွင်းတွင် ကျင်းပမည်ကို ဆွေးနွေးရာတွင် တိကျပြတ်သားသော အဖြေမရသဖြင့် မဲစနစ်နှင့် ဆုံးဖြတ်ရာတွင် ပရိသတ် ၉၈၇၀၀ ၀င်ဆံ့သော နူးကမ့်ကွင်းက ကျင်းပခွင့်ရခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back Spain King's Cup News


Advertisement
Here