World CUp 2014 News

နားလည်ပေးတဲ့ စတာလင်

Jun 20 , 2014

၁၉ နှစ်သား စတာလင်က သူ့အနေနှင့် ရွန်းနီအတွက် နေရာလဲကစားပေးရမည့် အပေါ် နားလည်မှုအပြည့်ရှိကြောင်း ပြောဆို လိုက်သည်။

စတာလင်မှာ အီတလီကို ၂း၁ နှင့် ရှုံးခဲ့သည့် ပွဲတွင် စတားရစ်၏ နောက်မှ ပံ့ပိုးပေးသူအဖြစ် အကောင်းဆုံးကစားပေးခဲ့ သူ ဖြစ်သည်။

သို့သော် ရွန်းနီမှာမူ သူကစားနေကျ မဟုတ်သောနေရာတွင် ကစားခဲ့ရ၍ ထင်သဘောအစွမ်းမပြနိုင်ခဲ့ပဲ အင်္ဂလန်မှာလည်း ရှုံးပွဲ တွေ့ခဲ့ရသည်ဟု ဝေဖန်မှုများထွက်လာပြီးသည့်နောက် နည်းပြဟော့ဆန်က ရွန်းနီနှင့် စတာလင်ကို လာမည့် ဥရုဂွေးနှင့်ပွဲ တွင် နေရာလဲကစားစေမည် ဖြစ်သည်။

စတာလင်က မိမိအနေနှင့် မည်သည့်နေရာမှ ကစားရသည်ဖြစ်စေ အသင်းအောင်မြင်ရေးကသာ အရေးအကြီးဆုံး ဖြစ်သည် ဟု ပြောဆိုခဲ့သည်။

အင်္ဂလန်နှင့် ဥရုဂွေးတို့မှာ ရှုံး၍မဖြစ်သော ပွဲစဉ်ကစားကြရမည်ဖြစ်သဖြင့် ၂ သင်းလုံး အတွက် အရေးအကြီးဆုံး ပွဲစဉ် တစ်ပွဲဖြစ် သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here