Bundesliga News

သရေအတွက် စိတ်ပျက်တဲ့နည်းပြ

Mar 26 , 2015

အာရှချန်ပီယံ သြစတြေးလျနှင့် ခြေစမ်းခဲ့ရာတွင် ၂ ဂိုးစီ သရေကျခဲ့သည့်အပေါ် စိတ်ပျက်မိကြောင်း ၂၀၁၄ ကမ္ဘာ့ချန်ပီယံ ဂျာမနီ အသင်းနည်းပြ ဂျိုအာချင်လို က ပြောဆိုလိုက်သည်။

ထိုပွဲတွင် မာကိုရူးစ်က ဂျာမနီအတွက် အဖွင့်ဂိုးသွင်းခဲ့ပြီး သြစတြေးလျမှ ထရွိုင်စီနှင့် ဂျီဒီနက်တို့က ၂ ဂိုးဆက်တိုက် သွင်းယူခဲ့ကာ ပွဲပြီးရန် ၉ မိနစ်အလိုတွင်မှ ပိုဒေါစကီးက ဂျာမနီအတွက် ချေပဂိုးပြန်သွင်း ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဂျာမနီအသင်းမှာ တနင်္ဂနွေနေ့တွင် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် ဂျော်ဂျီယာနှင့် အဝေးကွင်းပွဲ ကစားရမည်ဖြစ်ပြီး ယခုသရေပွဲမှ ဒုတိယပိုင်း ကစားပုံမျိုး ထပ်မဖြစ်ရန် လိုသည်ဟု နည်းပြ ဂျိုအာချင်လိုက ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here