Euro 2016

ပေါ်တူဂီအတွက် စီရိုနယ်ဒို ပါမည်

Mar 26 , 2015

တနင်္ဂနွေနေ့ လစ္စဘွန်းတွင် ဆာဘီးယားကို ဧည့်ခံကစားရမည့် ပေါ်တူဂီ၏ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အိမ်ရှင်ပေါ်တူဂီဘက်၌ စီရိုနယ်ဒို ပါဝင်မည် ဖြစ်သည်။

ယူရို ၂၀၁၆ ခြေစစ်ပွဲအုပ်စု I တွင် ပါဝင်သော ပေါ်တူဂီမှာ ဆာဘီးယားထက် ၅ မှတ်အသာ နေရာတွင်ရှိနေပြီး တစ်ပွဲပိုကစားထားသည့် ဒိန်းမတ်ထက် တစ်မှတ်လျှော့ အနေအထားတွင်ရှိနေသဖြင့် ယခုပွဲ အနိုင်ရရှိပါက ပြိုင်ဘက်ကို ၂ မှတ်ဖြတ်၍ အုပ်စုကို ဦးဆောင်သူအဖြစ် ရပ်တည်လာနိုင်မည် ဖြစ်သည်။

ဘာစီလိုနာကို ၂း၁ ဖြင့် ရှုံးခဲ့သဖြင့် ၄ မှတ် အဖြတ်ခံလိုက်ရသော ရီးရဲလ်မှ စီရိုနယ်ဒိုမှာ ထိုရှုံးပွဲကို မေ့ထားပြီး ယခု ဆာဘီးယားနှင့် ပွဲအတွက်သာ စဉ်းစားနေကြောင်း ပြောဆိုခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here