Europe News

မေဂျာလိဂ်မှာပါမယ့် မင်နီဆိုးတား

Mar 26 , 2015

မင်နီဆိုးတား ယူနိုက်တက်အသင်းသည် ၂၀၁၈ ဘောလုံးရာသီမှစ၍ အမေရိကန်မေဂျာလိဂ် ကလပ်တစ်ခုအဖြစ် ပါဝင်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မေဂျာလိဂ်တွင် ယခင်က အသင်း ၂၀ သာ ရှိခဲ့သော်လည်း အတ္တလန္တာနှင့် ချီဗက်စ် ယူအက်စ်အေ အသင်း ၂ သင်း ကို ဖွဲ့စည်းနေပြီဖြစ်ပြီး ၂၀၁၈ တွင် ၂၃ သင်းမြောက် အသင်းအဖြစ် မင်နီဆိုးတား ပါဝင်လာမည်ဖြစ်သည်။

မင်နီဆိုးတား ယူနိုက်တက်အသင်းမှာ ၂၀၁၀ တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် အသင်းဖြစ်ပြီး ဒုတိယတန်းဖြစ်သည့် မြောက်အမေရိကလိဂ်တွင် ပါဝင် ယှဉ်ပြိုင်လျက် ရှိသည်။

မေဂျာလိဂ်တွင် ၂၀၂၀ ခုနှစ် အရောက်၌ အသင်း ၂၄ သင်းအထိရှိလာစေရန် မျှော်မှန်းလျက်ရှိသည်။

U Myo Thant




<< Back Europe News


Advertisement
Here