Euro 2016

ပွဲဖျက်ခဲ့ရသော မွန်တီနီဂရိုး - ရုရှားပွဲ

Mar 28 , 2015

ပေါ့ဒ်ဂိုရီကာတွင် ကစားခဲ့သော အိမ်ရှင် မွန်တီနီဂရိုးနှင့် ရုရှားတို့၏ ယူရို ၂၀၁၆ ခြေစစ်ပွဲ ပွဲစဉ်ကို ကစားသမားနှင့် နည်းပြအဖွဲ့ဝင်များ စကားများခဲ့မှုကြောင့် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ထိုပွဲစဉ်တွင် ပွဲစစချင်း စက္ကန့် ၂၀ မှာပင် ရုရှားဂိုးသမား အေကင်ဖတ်မှာ ဦးခေါင်းကို အရာဝတ္ထုတစ်ခုဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရပြီး ဂိုးသမား လိုဒီဂျင်းနှင့် လူစားလဲခဲ့ရသည်။

ပွဲကို ၃၅ မိနစ်ခန့် ရပ်ဆိုင်းထားရပြီးနောက် ကွင်းလယ်ဒိုင် အိုင်တီကင်က ဆက်ကစားစေခဲ့သည်။

ဒုတိယပိုင်း ၆၆ မိနစ်တွင် ရုရှားက ပင်နယ်တီရခဲ့သော်လည်း မွန်တီနီဂရိုး ဂိုးသမား ပိုလက်ဆစ် ကာကွယ်သွားနိုင်ခဲ့သည်။

သို့သော် ယင်းနောက်ပိုင်းတွင် ကစားသမားနှင့် နည်းပြများအချင်းများခဲ့ကြသဖြင့် ကွင်းလယ်ဒိုင်က နောက်ဆုံးတွင် ပွဲစဉ်ကို ဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အုပ်စု G တွင် ပါဝင်နေသော မွန်တီနီဂရိုးနှင့် ရုရှားတို့မှာ ၅ မှတ်စီဖြင့် အဆင့် ၄ နှင့် ၃ တို့တွင် ရှိနေကာ အုပ်စုကို သြစတြီးယားက ၁၃ မှတ်ဖြင့် ဦးဆောင်နေပြီး ဆွီဒင်က ၉ မှတ်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here