World CUp 2014 News

နာမည်ရတဲ့ အိုချိုအာ

Jun 20 , 2014

ဘရာဇီးနှင့် ဂိုးမရှိသရေ ကျခဲ့သည့်ပွဲတွင် လက်စွမ်းပြနိုင်ခဲ့သော မက္ကဆီကို ဂိုးသမား အိုချိုအာမှာ နာမည်ရလာခဲ့ပြီး ခေါ်ယူ ချင်သော အသင်းများ များပြားလာလျှက် ရှိသည်။

  နေမာ၏ ကန်ချက် ၂ ခါ၊ ပေါ်လင်ဟိုနှင့် ဆေးလ်ဗားတို့၏ အပိုင်သွင်းချက်များကို ကာကွယ်ပြခဲ့သော အိုချိုအာမှာ အသက် ၂၈ နှစ် ရှိပြီဖြစ်ပြီး အေဂျက်စီယိုအသင်းနှင့် စာချုပ်သက်တမ်းစေ့ပြီဖြစ်သဖြင့် အလွတ်ပြောင်းရွှေ့ခွင့်နှင့် မည်သည့်အသင်းသို့ မဆိုပြောင်းနိုင်မည့်သူ ဖြစ်သည်။

ဘရာဇီး - မက္ကဆီကို ပွဲစဉ်တွင် အကောင်းဆုံး ကစားသမားဆုရခဲ့သူ အိုချိုအာမှာ ပြင်သစ်လိဂ်ဝမ်းတွင် ဆက်နေရန် စိတ်ပါ သူဖြစ်ပြီး ချန်ပီယံလိဂ် ၀င်ခွင့်ရအသင်းသို့ ပြောင်းရွှေ့ချင်သူ ဖြစ်သည်။

အိုချိုအာ၏ ယခင်ကလပ်ဖြစ်သော အေဂျက်စီယိုမှာ လိဂ်တူးသို့ တန်းဆင်းသွားရပြီဖြစ်ပြီး ချန်ပီယံလိဂ်ကစားရမည့် PSG ကဲ့သို့သော အသင်းမျိုးသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိသည်ဟု ဆိုသည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here