Euro 2016

စက္ကန့် ၈၀ မှာ ဂိုးရတဲ့ ကိန်း

Mar 28 , 2015

အင်္ဂလန်လက်ရွေးစင်အဖြစ် ပထမဆုံးပါဝင်ခွင့်ရခဲ့သော စပါးတိုက်စစ်မှူး ဟယ်ရီကိန်းမှာ ပွဲချိန် ၇၁ မိနစ်တွင် ရွန်းနီနှင့် လူစားလဲဝင်ကစားခွင့်ရပြီးနောက် စက္ကန့် ၈၀ အကြာတွင် စတာလင်၏ ပေးပို့မှုမှတစ်ဆင့် ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့သည်။

အသက် ၂၁ နှစ်သာရှိသေးသော ကိန်းမှာ အင်္ဂလန်၏ လစ်သူရေးနီးယားကို ၄းဝ နှင့် နိုင်ခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် နောက်ဆုံးအနိုင်ဂိုးကို သွင်းယူပေး ခဲ့ခြင်း ဖြစ်သည်။

ရစ်ဂီဝေးတွင် မွေးဖွားခဲ့သော ကိန်းမှာ ငယ်စဉ်က ရစ်ဂီဝေးရိုမာ၊ အာဆင်နယ်အသင်းများတွင် ကစားခဲ့ပြီး အသက် ၁၁ နှစ်အရွယ်တွင် စပါးက ခေါ်ယူထား ခဲ့ခြင်း ဖြစ်သည်။

ငယ်စဉ်ကပင် လက်ရွေးစင်တစ်ဦးဖြစ်လိုခဲ့သော ကိန်းမှာ ယခုအခါ ငယ်အိပ်မက်များ ရှင်သန်ခွင့်ရခဲ့သည့်အပြင် ဂိုးပါ သွင်းနိုင်ခဲ့ခြင်းကြောင့် များစွာ ပျော်ရွှင် ၀မ်းမြောက်လျက်ရှိသည်။

သူ၏ ယခုဂိုးမှာ အင်္ဂလန်အတွက် အချိန်တိုအတွင်း အမြန်ဆုံးသွင်းနိုင်သည့် တတိယမြောက်ဂိုးဖြစ်ခဲ့ပြီး ၁၉၅၁ က ၁၉ စက္ကန့်နှင့် ဂိုးသွင်းနိုင်ခဲ့သည့် နီကိုလ်ဆင်၊ ၁၉၁၉ တွင် ဂျွန်ကွတ်တို့၏ စံချိန်တို့ အနောက်မြောက် အမြန်ဆုံး ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here