AFC Champion News

ဂိုးပြတ်နိုင်ပွဲများသော AFC ယူ-၂၃

Mar 28 , 2015

ယမန်နေ့က ကျင်းပသော ၂၀၁၆ ကာတာ AFC ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲများတွင် ဂိုးပြတ်နိုင်ပွဲများ အများအပြား ပါဝင်ခဲ့သည်။

ဂိုးအပြတ်ဆုံးပွဲမှာ ဂျပန် ၇းဝ မကာအိုပွဲစဉ်ဖြစ်ပြီး အခြား ဂိုးပြတ်ပွဲစဉ်များမှာ အီရတ် ၇း၁ မော်လ်ဒိုက်၊ သြစတြေးလျ ၆းဝ ဟောင်ကောင်၊ တောင်ကိုးရီးယား ၅းဝ ဘရူနိုင်း၊ တရုတ် ၅းဝ မွန်ဂိုးလီးယား၊ အင်ဒိုနီးရှား ၅းဝ တီမော၊ မြောက်ကိုရီးယား ၄းဝ ဖိလစ်ပိုင်၊ ဆီးရီးယား ၄းဝ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး ၄းဝ သီရိလင်္ကာ၊ အိုမန် ၄းဝ လက်ဘနွန်၊ အီရန် ၃းဝ ပါလက်စတိုင်း၊ မြန်မာ ၃းဝ တရုတ် (တိုင်ပေ) ပွဲစဉ်များ ဖြစ်ကြသည်။

အခြားပွဲများမှာ ဥဇဘက်ကစ္စတန် ၂းဝ အိန္ဒိယ၊ ထိုင်း ၂း၁ ကမ္ဘောဒီးယား၊ ယီမင် ၂း၁ တာဂျစ်ကစ္စတန်၊ မလေးရှား ၁း၂ ဗီယက်နမ်၊ ဆော်ဒီ ၀းဝ အာဖဂန်နစ္စတန်၊ လာအို ၀းဝ စင်္ကာပူပွဲများ ဖြစ်ကြသည်။

အုပ်စု A နှင့် အုပ်စု C တို့မှာ ၃ ပွဲစီ ကစားပြီးသော အသင်းများရှိနေပြီ အုပ်စု B မှာ မကစားရသေးပဲ အခြားအုပ်စုများမှာ ၁ ပွဲစီ ကစားပြီး ဖြစ်သည်။

ခြေစစ်ပွဲအုပ်စု အဆင့် ပွဲစဉ်များမှာ အုပ်စု B မှလွဲ၍ မတ်လ ၃၁ ရက်နေ့တွင် နောက်ဆုံး ဖြစ်သည်။

U Myo Thant




<< Back AFC Champion News


Advertisement
Here