Europa League

ဂိုး စရဘူးတဲ့ ဂျီဘရော်လ်တာ

Mar 30 , 2015

UEFA ၏ အဖွဲ့ဝင်သစ် အသင်းတစ်သင်းဖြစ်သော ဂျီဘရော်လ်တာအသင်းမှာ ယမန်နေ့က ခြေစစ်ပွဲတွင် စကော့တလန်ကို ဂိုးပြတ်ဖြင့်ရှုံးခဲ့သော်လည်း ဂိုးတစ်ဂိုးကို စံချိန်တင်အဖြစ် သွင်းယူနိုင်ခဲ့သည်။

ယူရို - ၂၀၁၆ ခြေစစ်ပွဲများတွင် ပထမဆုံး ၀င်ကစားခွင့်ရခဲ့သော ဂျီဘရော်လ်တာမှာ ယခင်ကခြေစစ်ပွဲ ၄ ပွဲတွင် ပိုလန်ကို ၇းဝ၊ အိုင်ယာလန်ကို ၇းဝ၊ ဂျော်ဂျီယာကို ၃းဝ၊ ဂျာမနီကို ၄းဝ တို့ဖြင့် ရှုံးခဲ့ပြီး ယခု ပွဲစဉ် ၅ တွင် စကော့တလန်ကို ၆း၁ ဖြင့် ရှုံးခဲ့သော်လည်း အသင်းအတွက် နိုင်ငံတကာဂိုး ၁ ဂိုးကို သွင်းယူနိုင်ခဲ့၍ ကြံဖန်ဂုဏ်ယူလျက် ရှိနေကြသည်။

ထိုပွဲစဉ်တွင် ၁၈ မိနစ်၌ စကော့တလန်က ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ၂ မိနစ်အကြာတွင် ဂျီဘရော်လ်တာမှ ကက်စီယာရိုက ချေပဂိုး သွင်းပေး ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် စကော့တလန်က ဂိုးများ ဆက်တိုက်သွင်းသွားခဲ့ သော်လည်း ဂျီဘရော်လ်တာတွင် ရဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ကက်စီယာရိုမှာ ပထမဆုံး နိုင်ငံတကာအဆင့် ဂိုးတစ်ဂိုး ရခဲ့သည့်အတွက် သမိုင်းမှတ်တမ်းဝင်သွားခဲ့ရသည်။

U Myo Thant




<< Back Europa League


Advertisement
Here