World CUp 2014 News

အင်္ဂလန်နှင့်ပွဲ လူဂါနိုမပါ

Jun 20 , 2014

အင်္ဂလန်နှင့် ကစားရမည့်အဆုံးအဖြတ်ပွဲစဉ်တွင် ဥရုဂွေးအသင်း ကပ္ပတိန် လူဂါနိုမှာ ဒူးဒဏ်ရာကြောင့် ကစားနိုင်မည်မဟုတ်ဟု သိရသည်။

လူဂါနိုမှာ ကော့စတာရီကာကို ၃:၁ နှင့် ရှုံးခဲ့သည့်ပွဲတွင် ပါဝင်ခဲ့သော်လည်း ယနေ့ညပွဲတွင်မူပါ နိုင်မည်မဟုတ်ဟု ဥရုဂွေး ဘောလုံး အဖွဲ့ချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။

ဝက်စ်ဘရွန်းအသင်းမှ ထွက်ခွာခွင့်ရထားသူ လူဂါနို၏နေရာအတွက် အက်သလက်တီကိုမှ ဂျီမီနက်ဇ်နှင့် လီဗာပူးမှ ကော်တက်စ် တို့ကို လျာထားကြောင်း သိရပြီး ဥရုဂွေးနည်းပြ တာဘာရက်ဇ် အနေနှင့် အကောင်းဆုံး လူစာရင်းဖြစ် ရန် ပြင်ဆင်လျက် ရှိနေသည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here