Euro 2016

ကြိုးစားရဦးမယ်ဆိုတဲ့ ရှဝိန်း

Mar 30 , 2015

ဘိုင်ယန်ကွင်းလယ်ကစားသမားဖြစ်သူ ရှဝိန်းစတိုင်ဂါက ဂျာမနီလက်ရွေးစင် အသင်းအနေနှင့် ယခုထက်ပိုကောင်းအောင် များစွာကြိုးစားရဦးမည်ဟု ပြောဆို လိုက်သည်။

ဂျာမနီအသင်းမှာ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဂျော်ဂျီယာကို ၂းဝ ဖြင့် နိုင်ခဲ့ပြီး အုပ်စုတွင်းတွင် ဇယားထိပ်မှ ပိုလန်နှင့် ၁ မှတ်အကွာ ဒုတိယနေရာတွင် ရှိနေပြီး တတိယနေရာမှ စကော့တလန်နှင့် အမှတ်တူ ဖြစ်သည်။

ပြင်သစ်တွင် ကျင်းပမည့် ယူရို ၂၀၁၆ နောက်ဆုံးအဆင့်ပွဲစဉ်များသို့ ၀င်ရောက်ရရေးနှင့် ပတ်သက်၍ ရှဝိန်းစတိုင်ဂါက "ကျနော်တို့ ဂိုးမပေးခဲ့ရပါဘူး။ ဒါက ရည်မှန်းချက်တစ်ခုပါပဲ။ ဒါပေမယ့် ကစားခဲ့ရတာ အခက်အခဲတချို့ ရှိခဲ့ပါတယ်။ အမှားလေးတွေလည်း ဖြစ်ခဲ့ရတာမို့ ကျနော်တို့အနေနဲ့ လာမယ့် ပွဲစဉ်တွေမှာ ပိုပိုပြီး ဂရုတစိုက်နဲ့ ကစားသွားရပါလိမ့်မယ်။ ကစားပုံကိုလည်း ဒီထက်ကောင်းအောင် အားထုတ်ရမှာပါ" ဟု ပြောဆိုသွားခဲ့သည်။

၆ သင်း ပါဝင်သော ထိုအုပ်စုတွင် နောက်ထပ် ပွဲစဉ် ၅ ပွဲ ကစားကြရဦးမည် ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here