Euro 2016

ပြစ်ဒဏ်ချခံရမည့် ၂ သင်း

Mar 31 , 2015

ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် မွန်တီနီဂရိုးနှင့် ရုရှားတို့ ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် ပွဲစဉ်ဖျက်သိမ်းရသည်အထိ ဖြစ်ပျက်ခဲ့မှုကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က ထို ၂ သင်းအပေါ် ပြစ်ဒဏ်ချမည်ဟု သိရသည်။

ထိုပွဲတွင် ပွဲအစမှာပင် ရုရှားဂိုးသမားမှာ ဦးခေါင်းကို အရာဝတ္ထုတစ်ခုဖြင့် ပစ်ပေါက်ခံခဲ့ရ၍ လူစားလဲခဲ့ရပြီး ပွဲစဉ်ကို ခေတ္တ ရပ်ဆိုင်းခဲ့ရသည်။

ထိုမှတစ်ဖန် ဒုတိယပိုင်းတွင် ကစားသမားများနှင့် နည်းပြအဖွဲ့ ၀န်ထမ်းများတို့အကြား စကားများခဲ့ကြပြန်သောကြောင့် ကွင်းလယ်ဒိုင်က ပွဲစဉ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

မွန်တီနီဂရိုးဘောလုံးအဖွဲ့ချုပ်မှာ ပွဲစဉ်ဖျက်သိမ်းရသည်အထိ ဖြစ်ခဲ့ရသည့်အပေါ် ပြစ်ဒဏ်ချခံရမည်ဖြစ်ပြီး ပရိသတ်များက မီးရှူးမီးပန်များနှင့် အခြားအရာဝတ္ထုများ ပစ်ပေါက်ခဲ့မှုအတွက် ၂ သင်းလုံးကို ထပ်မံ အရေးယူမည် ဖြစ်သည်။

ပွဲချိန် ၆၇ မိနစ်တွင် ပွဲစဉ်ကို ဖျက်သိမ်းခဲ့ရချိန်၌ ယင်း ၂ သင်းမှာ ဂိုးမရှိသရေ ကျနေသည့်အချိန် ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here