Euro 2016

ပွဲထွက်ခွင့်ရမယ့် ဟယ်ရီကိန်း

Mar 31 , 2015

ယနေ့ အီတလီနှင့် ကစားမည့်ခြေမ်းပွဲတွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းမှာ အင်္ဂလန်ဘက်တွင် ပွဲဦးထွက် ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပါဝင်ကစားမည်ဖြစ် သည်။

၂၁ နှစ်သား ကိန်းမှာ ယခုရာသီတွင် စပါးအတွက် ၂၉ ဂိုး သွင်းယူထားခဲ့ပြီး လစ်သူရေးနီးယားနှင့် ကစားသည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အင်္ဂလန်အတွက် သူ၏ ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

အင်္ဂလန်နည်းပြ ဟော့ဆန်က ကိန်းအနေနှင့် အခွင့်အရေးရရန် လက်တွေ့ကြိုးစားပြသွားနိုင်ခဲ့ကြောင်းနှင့် အခြားသော ကစားသမားများသည်လည်း ကိုယ့်အခွင့်အရေး အတွက် ကြိုးစားသွားမည်ဟု မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့သည်။

ကိန်းမှာ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်အဖြစ် ကစားခဲ့စဉ်က ၁၀ ပွဲတွင် ၈ ဂိုး ရခဲ့သူ ဖြစ်သည်။

ယခု အီတလီနှင့် ပွဲစဉ်တွင် အင်္ဂလန်ဘက်၌ ၀ဲလ်ဘက်၊ စတာလင်၊ မီလ်နာနှင့် လေတန် ဘိန့်စ်တို့ ပါဝင်မည် မဟုတ်ပေ။

U Myo Thant




<< Back Euro 2016


Advertisement
Here