Euro 2016

ထွက်ရမှာ မကြောက်တဲ့ ဟစ်ဒင့်

Mar 31 , 2015

ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အားရစရာ ခြေစွမ်းမျိုးနှင့် ဝေးနေသော်လည်း ထို့အတွက် မိမိထွက်ရမည်ကို ကြောက်မနေကြောင်း ဟော်လန်နည်းပြ ဟစ်ဒင့်က ပြောဆို လိုက်သည်။

ဟစ်ဒင့်က ဟော်လန်ဘောလုံး အဖွဲ့ချုပ်အနေနှင့် သူ့ကိုရာထူးမှ ထုတ်ပယ်ရန်စဉ်းစားနေမည်မဟုတ်ဟု ယုံကြည်သူဖြစ်သည်။

၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် တတိယရခဲ့သော ဟော်လန်မှာ ဟစ်ဒင့်က စတင်ကိုင်တွယ်ခဲ့ပြီးသည့်နောက် ပထဆုံးပြိုင်ပွဲဖြစ်သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲများတွင် ၅ ပွဲကစား အရှုံး ၂ ပွဲ ရှိခဲ့ပြီး အုပ်စု တတိယနေရာတွင်သာ ရှိနေဆဲ ဖြစ်သည်။

ဟစ်ဒင့်က "ဂျာနယ်လစ်တွေကတော့ သူ့ကို စိတ်ထင်သလို ရေးချင်ရေးကြမှာပါပဲ။ ဒီအပေါ် ကျနော် ဘာမှ လိုက်ခံစားမနေပါဘူး။ ကျနော့်အတွက် ကျနော် လုပ်ရဦးမယ့် အလုပ်တွေ အများကြီးကျန်ပါသေးတယ်။ နောက်လာမယ့် ပွဲတွေမှာ ရလဒ်ကောင်းဖို့ကိုပဲ ကျနော် တွေးနေပါတယ်" ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here