Euro 2016

လီဗာပူးနှင့်ပွဲ ၀ဲလ်ဘက်ပါမည်

Mar 31 , 2015

လစ်သူရေးနီးယားနှင့်ပွဲတွင် ဒူးဒဏ်ရာရခဲ့သော အင်္ဂလန်တိုက်စစ်မှူး ၀ဲလ်ဘက်မှာ လီဗာပူးနှင့် တွေ့ရမည့် စနေနေ့ပွဲစဉ်အတွက် အာဆင်နယ်ဘက်မှ ပါဝင် ကစားနိုင်မည်ဟု ဆိုသည်။

ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် လစ်သူရေးနီးယားနှင့် ကစားရသည့်ပွဲတွင် ၀ဲလ်ဘက် ဒဏ်ရာရခဲ့သည်ဆိုသော သတင်းမှာ ပရီးမီးယား ထိပ်ဆုံး ၄ နေရာအတွင်း ၀င်ရန် ကြိုးစားနေသည့် အာဆင်နယ်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သော်လည်း လန်ဒန်သို့ ပြန်ရောက်လာပြီး နောက်ဆေးစစ်ချက်ရယူခဲ့ရာတွင် ဒဏ်ရာမှ စိုးရိမ်စရာမရှိလှပဲ လီဗာပူးနှင့်ပွဲတွင် ပါဝင်နိုင်မည်ဟု သိခဲ့ရသည်။

လာမည့် ဧပြီ ၄ ရက် မြန်မာစံတော်ချိန် ၆း၁၅ တွင် စတင်ယှဉ်ပြိုင်ကြမည့် အာဆင်နယ်နှင့် လီဗာပူးပွဲမှာ ထိပ်ဆုံး ၄ သင်း စာရင်းဝင်ရေးကြိုးစားရာတွင် အရေးကြီးသောပွဲတစ်ပွဲဖြစ်နေပြီး လောလောဆယ် အာဆင်နယ်က အမှတ် ၆၀ ဖြင့် တတိယ၊ လီဗာပူးက ၅၄ မှတ်နှင့် ပဉ္စမနေရာများတွင် ရှိနေကြသည်။

အာဆင်နယ် အသင်းမှာ ရာသီမကုန်မီ ချဲလ်ဆီးနှင့် အိမ်ကွင်းပွဲ၊ မန်ယူနှင့် အဝေးကွင်းပွဲများ ကစားရန် ကျန်ရှိနေသေးသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here