AFC Champion News

မြန်မာ ၁း၅ သြစတြေးလျ

Mar 31 , 2015

ကာတာတွင် ၂၀၁၆ ၌ ကျင်းပမည့် AFC ယူ-၂၃ ချန်ပီယံရှစ် ပွဲစဉ်အတွက် ခြေစစ်ပွဲများ ကစားနေခဲ့ရာ အုပ်စုနောက်ဆုံး ပွဲစဉ်တွင် မြန်မာ ယူ-၂၃ အသင်းမှာ သြစတြေးလျ ယူ-၂၃ အသင်းကို ၁း၅ ဖြင့် ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

ထိုရလဒ်ကြောင့် သြစတြေးလျက ၉ မှတ်ဖြင့် အုပ်စု ဗိုလ်စွဲသွားပြီဖြစ်ပြီး တိုက်ရိုက်ခြေစစ်ပွဲ အောင်ခဲ့ပြီ ဖြစ်သည်။

မြန်မာ ယူ-၂၃ အသင်းမှာ ၃ ပွဲ ကစား ၂ ပွဲနိုင် ၆ မှတ် ရဂိုး ၆ ဂိုး၊ ပေးဂိုး ၆ ဂိုး၊ ဂိုးကွာခြားချက် ၀ ဖြင့် အုပ်စု ဒုတိယနေရာတွင် ရှိနေပြီး အခြား အုပ်စု ၉ စုမှ ဒုတိယရအသင်းများ၏ အနေအထားနှင့် နှိုင်းယှဉ်ကာ ခြေစစ်ပွဲအောင်နိုင်ရေးအတွက် အကောင်းဆုံး ဒုတိယ ၅ သင်း စာရင်းဝင်ဖြစ်ရေး အခြားပွဲစဉ်များ၏ အဖြေရလဒ်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ယခုကဲ့သို့ ဂိုးပြတ် ရှုံးခဲ့ခြင်းကြောင့် အကောင်းဆုံး ဒုတိယ ၅သင်း စာရင်းဖြစ်ရေးမှာ ခက်ခဲသွားလိမ့်မည်ဟု ယူဆရပြီး အခြား အုပ်စု ၈ စုမှာ ပွဲစဉ်များမှာ ယနေ့ နှောင်းပိုင်းတွင် အဖြေထွက်မည် ဖြစ်သည်။

U Myo Thant

<< Back AFC Champion News


Advertisement
Here