AFC Champion News

ယူ-၂၃ ခြေစစ်ပွဲ ရလဒ်များ

Apr 01 , 2015

၂၀၁၆ ကာတာ AFC ယူ-၂၃ ချန်ပီယံပြိုင်ပွဲအတွက် အုပ်စု ၉ စုမှ ခြေစစ်ပွဲများ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထိုခြေစစ်ပွဲတွင် အုပ်စုဗိုလ်အသင်းမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်ပြီး အကောင်းဆုံး ဒုတိယရ ၅ သင်းမှာလည်း ခြေစစ်ပွဲအောင်မည် ဖြစ်သည်။

လောလောဆယ်တွင် အုပ်စု B မှအပ ကျန်အုပ်စု ၉ စုမှ တိုက်ရိုက်ခြေစစ်ပွဲ အောင်သော အုပ်စုဗိုလ် ၉ သင်းမှာ အီရတ်၊ ဆော်ဒီ၊ UAE၊ ဆီးရီးယား၊ သြစတြေးလျ၊ မြောက်ကိုရီးယား၊ တောင်ကိုးရီးယား၊ ဂျပန်နှင့် တရုတ်တို့ ဖြစ်သည်။

အကောင်းဆုံး ဒုတိယ ၅ သင်းအတွက် အရွေးခံရနိုင်သော အသင်းများမှာ အိုမန် ( ၄ ပွဲကစား ၈ မှတ် ဂိုးကွာ +၉)၊ အီရန် (၄ ပွဲကစား ၉ မှတ် ဂိုးကွာ +၁၃)၊ ယီမင် (၃ ပွဲကစား ၆ မှတ် ဂိုးကွာ +၅)၊ ဥဇဘက်ကစ္စတန် (၃ ပွဲကစား ၆ မှတ် ဂိုးကွာ +၅)၊ ထိုင်း (၃ ပွဲကစား ၇ မှတ် ဂိုးကွာ+၅)၊ ဗီယက်နမ် ( ၃ ပွဲကစား ၆ မှတ် ဂိုးကွာ +၆) စသည့် အသင်းများ ဖြစ်သည်။

မြန်မာ ယူ-၂၃ မှာမူ ၃ ပွဲကစား ၆ မှတ် ရသော်လည်း ဂိုးကွာခြားမှုမှာ +၀ သာရှိနေသဖြင့် မျှော်လင့်နိုင်တော့မည် မဟုတ်ပေ။

U Myo Thant




<< Back AFC Champion News


Advertisement
Here