Euro 2016

အံ့သြဘွယ်အရှုံးနှင့် ပေါ်တူဂီ

Apr 01 , 2015

အသင်းကပ္ပတိန် စီရိုနယ်ဒို မပါဝင်ခဲ့သော ပေါ်တူဂီအသင်းမှာ အိမ်ကွင်းတွင် ကစားခဲ့သည့် ခြေစမ်းပွဲတွင် အာဖရိက အသင်းငယ်လေးတစ်သင်းဖြစ်သော ကိတ် ဗာဒီ ကျွန်းစုအသင်းကို အံ့သြဘွယ်ရာ ၀း၂ ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အုပ်စုဗိုလ်အဖြစ် ရပ်တည်နေသော ပေါ်တူဂီမှာ ယခုရှုံးပွဲတွင် ကပ္ပတိန် စီရိုနယ်ဒို မပါခဲ့သည့်အပြင် ပင်တို အထုတ်ခံရ၍ ၁၀တည်းဖြင့် ကစားခဲ့ရသည်။

ကိတ်ဗာဒီ ကျွန်းစု အသင်းမှာ ယခုနှစ် အာဖရိကနိုင်ငံများဖလားပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့်အသင်းဖြစ်ပြီး ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဝေလနှင့် စကော့တလန်တို့အကြား အဆင့် ၃၈ တွင် ရှိနေသော အသင်းဖြစ်သည်။

ကိတ်ဗာဒီအတွက် ဂိုးများကို ဖော်တက်စ်က ၃၇ မိနစ်နှင့် ဘာရို့စ်က ၄၃ မိနစ်တို့တွင် သွင်းယူခဲ့ခြင်းဖြစ်ပြီး ပေါ်တူဂီ နောက်ခံလူ ပင်တိုမှာ ပွဲကစားချိန် ၆၀ မိနစ်တွင် တိုက်ရိုက် အနီကဒ်ဖြင့် အထုတ်ခံခဲ့ရသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here